ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း (၁၅.၁၀.၂၀၂၀ မှ ၂၂.၁၀.၂၀၂၀)

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလအတွင်း ဈေးတန်းမာ လျှက်ရှိခဲ့ပြီး အတက်ဖက်တွင်ရှိခဲ့သည်။ သီတင်းပတ်နောက်ဆုံးရက်များတွင် တစ်တင်းလျှင်ကျပ် ၄၀၀၀၀-၄၀၃၀၀ ဖြစ်ခဲ့ပြီး ကျပ်၄၁၆၀၀ မှ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ယခုသီတင်းပတ် တွင် သင်္ဘောတင်ရက်အတွင်း ဈေးပြန်တက်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း ဈေးဆက်လက် ကျဆင်းလျှက်ရှိကြောင်းတွေ့ရသည်။ အောက်တိုဘာ ၁၅ ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင်ကျပ် ၃၉၀၀၀-၃၉၂၀၀၊ ၁၆ ရက်နေ့တွင် ၃၈၉၀၀၊ ၁၇ ရက်နေ့တွင် ၃၉၅၀၀၊ ၁၈ ရက်နေ့တွင် ၃၈၈၀၀-၃၈၉၀၀၊ ၁၉ ရက်နေ့တွင်၃၈၉၀၀-၃၉၀၀၀၊ ၂၀ ရက်နေ့တွင် ၃၈၈၀၀၊ ၂၁ ရက်နေ့တွင် ၃၈၂၀၀၊ ၂၂ ရက်နေ့တွင် ၃၈၉၀၀၊ စသည်ဖြင့် အသီးသီးပေါက်ဈေးရှိခဲ့ပါသည်။ ယခင်သီတင်းပတ်ကာလနှင့် နှိုင်းယှဉ်လျှင် ကျပ် တစ်ထောင်ခန့်ဆက်လက်ကျဆင်းသွားသည်။ ယခုသီတင်းပတ်ကာလအတွင်း ကျပ် ၃၉၀၀၀ ဝန်းကျင်တွင်ဆက်လက်တည်ရှိနေသည်။

မတ်ပဲတင်ပို့ရောင်းချသူ ကုန်သည်ကြီးများ၏ အဖွင့်ဈေးသည် FOB တင်ပို့မှုအပေါ်မူတည် လျှက်ရှိပြီး ၎င်းအဖွင့်ဈေးအတိုင်း နယ်ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ကြခြင်း ဖြစ်သော ကြောင့် မတ်ပဲတင်ပို့ရန် သင်္ဘောတင်မည့်ရက်တွင်သာ ဈေးပြန်တက်လာနိုင်ပြီး တက်ဈေးသည် လည်း တစ်တင်းလျှင်ကျပ် ၄၀၀၀၀ ဝန်းကျင်နှင့် ကျပ် ၄၀၀၀၀ အထက်သာရှိနိုင်ကြောင်း ခန့်မှန်း လျှက်ရှိကြသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန